မအီမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများအား ပြည်သူအခြေပြုအနေဖြင့် ကွင်းဆင်းထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများအား ပြည်သူအခြေပြုအနေဖြင့် ကွင်းဆင်းထိုးနှံ





MNP ၊  ဇူလိုင် ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ တွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးထိုးသတ်မှတ်ရက်များတွင် ကွင်းဆင်းထိုးနှံစဉ်က အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံရန် မလာရောက်နိုင်ကြသည့် ပြည်သူများအား ယမန်နေ့က အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းအခြေပြု ဒုတိယအကြိမ် ထိုးနှံစဉ်၌ ဖြည့်စွက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများတည်ရှိရာ ကျေးရွာအုပ်စုများတွင် ဆေးထိုးစုရပ်များထားရှိ၍ ထိုးနှံခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံရသေးသည့်ပြည်သူ ၉၉ ဦးကို ဖြည့်စွက်ထိုးနှံပေးခဲ့သည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းရာတွင် မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ပြည်သူများအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ ဆက်လက်၍လည်း အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးစုရပ်များသို့ ကာကွယ်ဆေးထိုးနှံရန် မလာရောက်နိုင်ကြသည့် ကျန်ရှိနေသောပြည်သူများအား အခါအားလျော်စွာ ဦးစားပေးကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ပြောကြားသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)