ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မသန်စွမ်းသူမှားနှင့် မသန်စွမ်းမိသားစုဝင်များအား ပါဝါမျက်မှန်များ အခမဲ့ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မသန်စွမ်းသူမှားနှင့် မသန်စွမ်းမိသားစုဝင်များအား ပါဝါမျက်မှန်များ အခမဲ့ပြုလုပ်

 


MNP - ဇူလိုင်  ၂၇


ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ  မသန်စွမ်းသူများနှင့် မသန်စွမ်းမိသားစုဝင်များအား  မျက်စိပါဝါစမ်းသပ်ပေးခြင်း၊  မျက်မှန်အခမဲ့ပြုလုပ်ပေးခြင်း၊   မျက်စိရေတိမ်စစ်ပေးခြင်းနှင့် ဆီးချိုစစ်ပေးခြင်းကို  ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်  အမှတ် (၇၀) ရပ်ကွက်ရှိ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ရွှေအင်အား တောင်ဒဂုံအသင်းရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။


ထိုသို့  ဆောင်ရွက်ပေးရာတွင်  Helen Keller ကုမ္မဏီနှင့် ရွှေမင်းသားမသန်စွမ်းအသင်းတို့ ပူပေါင်း၍ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ  မသန်စွမ်းသူများနှင့် မသန်စွမ်းသူများ၏ မိသားစုဝင်များအား မျက်စိပါဝါစမ်းသပ်ပေးခြင်း၊ မျက်မှန်အခမဲ့ပြုလုပ်ပေးခြင်း၊   မျက်စိရေတိမ်စစ်ပေးခြင်းနှင့်  ဆီးချိုစစ်ပေးခြင်းများကို  ဇူလိုင်  ၂၆ နှင့် ၂၇  ရက်နေ့တို့တွင် နံနက်(၉) မှ ညနေ (၁၆:၃၀)ထိ တစ်ရက်လျှင် (၂၀၀) ဦးဆောင်ရွက် ပေးရာ ယမန်နေ့ ၂၆ ရက်က (၂၀၁) ဦးအား စမ်းသပ်မှုများ ပြုလုပ်ပေးပြီး မျက်မှန်လိုအပ်သူများအား မျက်မှန်များအခမဲ့ ပြုလုပ်ပေးကြောင်းနှင့် မသန်စွမ်းသူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် မြို့နယ်ကြက်ခြေနီအသင်းမှ ပူးပေါင်းကူညီဆောင်ရွက်ပေးကြောင်း သိရသည်။


သတင်း - ကျော်စွာမိုး  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)