မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်




MNP - ဇူလိုင်   ၂၃


၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသား/အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို  ယမန်နေ့ ညနေ(၄)နာရီအချိန်က တိုင်းဒေသကြီး မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် မျိုးဆက်သစ်လူငယ် အားက စားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ တစ်ဦးချင်း အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသားတစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် သရက်ခရိုင်အသင်းနှင့် မကွေးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ သက်ရက်ခရိုင်အသင်းမှ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသားနှစ်ယောက်တွဲပွဲစဉ်တွင် မကွေးခရိုင်အသင်းမှ သရက်ခရိုင်အသင်းအား နှစ်ပွဲပြတ်ဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရသည်။


ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသား/အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော သရက်ခရိုင်အသင်းအား ဆုဆွဲပြားများနှင့် ငွေသားဆုများအား တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ဝင်များမှလည်းကောင်း၊ ပထမဆုရရှိသော မကွေးခရိုင်အသင်းအား တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က ဆုဆွဲပြားများ၊ ငွေသားဆုများနှင့်တံခွန်စိုက်ဆု အားလည်း ကောင်း၊  ‌အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော သရက်ခရိုင် အသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ဆုဆွဲပြားများနှင့် ငွေသားဆုများအားလည်းကောင်း၊ ပထမဆုရရှိသော မကွေးခရိုင်အသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ဆုဆွဲပြားများ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် အမျိုးသား /အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိလူငယ်များ ကြက်တောင်အားကစားနည်းကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့်ကစားရာမှ တိုင်းဒေသကြီးကိုယ်စားပြု သွေးသစ်ကြက်တောင်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဇူလိုင်လ (၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ တိုင်းဒေသကြီး မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)