မရမ်းကုန်းမြို့နယ်၌ အသက်၅နှစ်မှအသက်၁၂နှစ်အထိကျောင်းသား၊ ကျောင်းသူ(၃၃၇) ဦး အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ဒုတိယအကြိမ် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ်၌ အသက်၅နှစ်မှအသက်၁၂နှစ်အထိကျောင်းသား၊ ကျောင်းသူ(၃၃၇) ဦး အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ဒုတိယအကြိမ် ထိုးနှံပေး

 


MNP - ဇူလိုင်   ၂၃


“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အ.မ.က (၂၁)၊ အ.မ.က(၁၆)၊ အ.မ.က(၁၈) အခြေခံပညာမူလတန်းကျောင်းများနှင့်အ.လ.က(၆)အခြေခံပညာအလယ်တန်းကျောင်းရှိ အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား၊ ကျောင်းသူ (၃၃၇)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)ကို ယမန်နေ့နံနက် ၁၀ နာရီကကျောင်းများရှိ သတ်မှတ်စုရပ်များတွင် ဒုတိယအကြိမ်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့်ပရဟိတအဖွဲ့များပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)