ကချင်ပြည်နယ်ဝန်ကြီးချုပ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ပြည်သူ့ဆေးရုံအတွင်း ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ပြည်သူ့ဆေးရုံအတွင်း ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေး

 


MNP - ဇူလိုင်  ၂၃


ကချင်ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူ့အကျိုးပြုသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်း‌ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည်လည်ကြည့်ရှု အားပေးခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမှတ်(၂)အခြေခံပညာအကျောင်းဝင်းအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များက သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များကောက်ယူသိမ်းဆည်းခြင်း၊ ရေမြောင်းများဆယ်ယူခြင်းတို့ စုပေါင်းဆောင်ရွက်မှုကိုအတူတကွ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


အလားတူ မြစ်ကြီးနားမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် နယ်မြေခံတပ်မတော်သားများစုပေါင်း၍ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ‌ရေနှုတ်မြောင်းများ ဆယ်ယူခြင်းနှင့်အမှိုက်များ ကောက်ယူခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)