ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့တွင်း သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာရေး စုပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့တွင်း သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာရေး စုပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး




MNP - ဇွန်   ၉


ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့တွင်း သန့်ရှင်းသာယာလှပရေးနှင့် ဟားခါးပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက နေရာ (၂) နေရာခွဲ၍ ဝိုင်းဝန်းစုပေါင်းဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် သွားရောက်ကြည့်ရှုအားပေးသည်။


ထိုသို့ ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆေင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ  တပ်မတော်သားများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား (၃၀၀) ကျော်က မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ပြည်နယ်လွှတ်တော်ရုံး အကြား ဗိုလ်ချုပ်လမ်းမကြီးတလျှောက် လမ်းဘေးဝဲယာရှိ ပေါင်းမြက်များရှင်းလင်းခြင်း၊ အမှိုက် ကောက်ခြင်းနှင့် ဟားခါးပြည်သူ့ဆေးရုံဝင်းအတွင်း ခြုံနွယ်ပိတ်ပေါင်းများနှင့် ပေါင်းမြတ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို အဖွဲ့ (၂) ခွဲ၍ စုပေါင်းဆောင်ရွက်ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဟားခါးပြည်သူ့ဆေးရုံတွင် စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။


ဟားခါးမြို့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပြသန့်ရှင်းသာယာလှပရေး၊ မြို့တွင်းရေစီးရေလာ ကောင်းမွန်ရေးနှင့် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများဖြစ်သော အခြေခံပညာစာသင်ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်နှင့် ပြည်သူ့ဆေးရုံစသည့် နေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)