ငဖဲမြို့နယ် သာယာကုန်းကျေးရွာအုပ်စုမှ နွား(၃၂၂ )ကောင်အား ရောဂါကာကွယ်ဆေးများထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် သာယာကုန်းကျေးရွာအုပ်စုမှ နွား(၃၂၂ )ကောင်အား ရောဂါကာကွယ်ဆေးများထိုးနှံ



MNP - ဇူလိုင်   ၃


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံ တောင်သူများမွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သောရောဂါများမှ ကြိုတင် ကာကွယ်နိုင်ရန် အတွက်ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးများကို ကျေးရွာများသို့ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့ပိုင်းကစတင်၍ သာယာကုန်းကျေးရွာအုပ်စုသို့သွားရောက်၍ နွား(၃၂၂) ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါနှင့် ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါကာကွယ်ဆေးများထိုးနှံပေးရာတွင် ငဖဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါက်တာချစ်ချယ်ရီစိုးနှင့် ဒေါက်တာဆုပိုင်မြင့်ဦး တို့ ဦးဆောင်ပြီး တိရစ္ဆာန်ကျန်းမာရေး အကူ လုပ်သားများပူးပေါင်းကာ သာယာကုန်းကျေးရွာတွင်နွား( ၁၁၀ )ကောင်၊ ဆုံကုန်းကျေးရွာတွင် နွား(၂၁၂ ) ကောင်၊ စုစုပေါင်း နွား ( ၃၂၂ )ကောင်အား ပေါင်ပုပ်လက်ပုပ် ရောဂါနှင့်ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သော ရောဂါများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရညီညွတ်မျှတစွာ ပါဝင်သော အစားအစာကိုလုံလောက်စွာကျွေးမွေးရန်နှင့် စနစ်တကျမွေးမြူနည်းများ၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နည်းဆိုင်ရာ အကြောင်းအရာများကိုလည်း တောင်သူများအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - မယု 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)