Pages

Pages

စစ်တွေမြို့နယ်၌ ကျွဲ၊ နွားများရောဂါကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများထိုးနှံပေး




MNP ၊ ဇူလိုင်  ၁၄

စစ်တွေမြို့နယ်အတွင်း ကျွဲ၊ နွားများတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ် နိုင်ရန်အတွက်  မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများမှ စစ်တွေမြို့နယ်၊ သင်္ဂနက် ကျေးရွာအုပ်စု၊ သာယာကုန်း ရခိုင်ကျေးရွာတွင် မွေးမြူထားရှိသော နွားများအား  ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဟန်ဝင်းအောင် ထံမှသိရသည်။

ထို့သို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများသည် သာယာကုန်းကျေးရွာသို့ ကွင်းဆင်းပြီး နို့စားနွားနှင့် ခိုင်းနွားအကောင်ရေ ၁၅၇ ကောင်အား လည်ချောင်းကွဲရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ အလားတူ မွေးမြူရေးနှင့်ကုသရေး ဦးစီး ဌာနမှ ဝန်ထမ်းများသည် ကျွဲ၊ နွားမွေးမြူကြသော တောင်သူများအား ကျွဲ၊ နွားများတွင် ကျရောက် ဖြစ်ပွားတတ်သော ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်ရောဂါနှင့် အာဖရိကဝက်  အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း တို့ကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ 


တင်ထွန်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment