Pages

Pages

စစ်တွေမြို့နယ်၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိ




MNP ၊ ဇူလိုင်  ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်တွေခရိုင် ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း(၁/၂၀၂၂)ကို စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ၃ ရက်ကြာဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်တွေခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးစိန်မြင့်က အဖွင့်အမှာစကားပြောကြားပြီး စစ်တွေခရိုင်ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးဇင်သူမောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ပိုမိုကျယ်ပြန့်ထိရောက်စွာ သိရှိလိုက်နာဆောင်ရွက်ကြစေရန်၊ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးပြီး ဘေးကင်းလုံခြုံသော လူနေမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရန်၊ ပြည်သူကြားမှ ပြည်သူ့အားကိုယူကာ စေတနာ့ဝန်ထမ်းစိတ် ဓာတ်အပြည့်အဝရှိသော လူငယ်များအားရွေးချယ်၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်နည်းပြသင်တန်း၊ မွမ်းမံသင်တန်း၊ ဆင့်ပွားသင်တန်း၊ ရပ်ရွာအခြေပြုသဘာဝဘေးအသိ ပညာပေး ဟောပြောပွဲများအား စစ်တွေခရိုင်အတွင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းကို ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ ရက်တိုသင်တန်းအဖြစ်သင်ကြားပေး လျက်ရှိပြီး သင်တန်းသို့ စစ်တွေမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း လူငယ်(၃၀)ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။ 


သတင်း - မြင့်စိုးဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment