Pages

Pages

မြစ်ကြီးနားမြို့တွင် KIA သင်တန်းဆင်း PDF အကြမ်းဖက်သမားတစ်ဦးအား လက်နက်များနှင့်အတူ ဖမ်းမိ



MNP ၊ ဇူလိုင် ၁၄

ယနေ့ ဇူလိုင် ၁၄ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် KIA သင်တန်းဆင်း PDF အကြမ်းဖက်သမားတစ်ဦးအား လုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၁၂နာရီခန့်က မြစ်ကြီးနားမြို့၏ အဝင်အထွက် မုခ်ဦးအနီး၌ မသင်္ကာဖွယ် ခရောင်း အိမ်စီးကားအဖြူတစ်စီးအား လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးရှာဖွေရာ အသက် ၂၇နှစ်ခန့်ရှိ အမျိုးသားတစ်ဦးအား သေနတ် (၈)လက်၊ ကျည်ဆံ ၁၀၀၀ခုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကနဦးစစ်ဆေးချက်အရ အဆိုပါအမျိုးသားသည် KIA သင်တန်းဆင်း PDF အကြမ်းဖက်သမားတစ်ဦးဖြစ်ကြောင်း သိရ၍ ကွင်းဆက်များ ဆက်လက်ဖော်ထုတ်နိုင်ရန် လုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment