MNP - ဇူလိုင် ၁၄
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံခြင်း လုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲက မြောက်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်သန်းရွှေ၊ ဒေါ်မေးဘာ၊ ဦးဗျားရယ်နှင့် ကျန်းမာရေးဝန်ထမ်းများက မယ်စဲ့မြို့ပေါ် ရပ်ကွက် ၂ ရပ်ကွက်၊ ဝမ်ကန်၊ ဟိုစဲ့၊ နမ့်မန်းကျေးရွာတို့မှ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အသက်နှစ်နှစ်အောက် ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ငါးမျိုးစပ် ကာကွယ်ဆေး၊ ဂျိုက်သိုး၊ ဝက်သက်၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ နှင့် မေးခိုင်ရောဂါ ကာကွယ်ဆေးများကို တိုက်ကျွေး၊ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတင်း - ဝတ်ရည်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment