MNP ၊ ဇူလိုင် ၁၄
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့နယ်၌ ဇူလိုင် ၁၃ ရက်နေ့ ညနေ(၂၂:၂၀)အချိန်က ရွှေဇား ကပ္ပကောင်း ကျေးရွာ အုပ်စု ၊ စေတီပြင်ကျေးရွာတွင် မီးကြွင်းမီးကျန်မှ တဆင့် နေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ် ဇူလိုင် ၁၃ ရက်နေ့ ညနေ(၂၂:၂၀)အချိန်က ရွှေဇား ကပ္ပကောင်း ကျေးရွာ အုပ်စု ၊ စေတီပြင်ကျေးရွာတွင် နေအိမ်များမီးလောင်မှုဖြစ်ပွား နေ ကြောင်း သတင်းအရ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွန်ကြားရေး ဦးသန့်ဇင် နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင် နှင့် တပ်ဖွဲ့ဝင်များက မီးငြိမ်း သတ် ယာဉ် (၂)စီးဖြင့် မီးလောင်ပြင်သို့ သွားရောက်မီးငြိမ်းသတ်ခဲ့ရာ (၂၂:၄၅)မိနစ်အချိန်ခန့်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းမှာ ဒေါ်အာနိုဂိုဇာမာလ် ၊ အသက်(၆၅)နှစ် (ဘ)ဦးမာမာတ်အီဆုပ်၏ နေအိမ်အတွင်းရှိ မီးဖိုမီးကြွင်းမီးကျန်မှတဆင့် အနီးရှိ ဝါထရံသို့ မီးကူးစက်လောင်ကျွမ်းပြီး ဘေးကပ်လျက်ရှိ နေအိမ်(၁) လုံးအား မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် အလျား ၁၂ ပေ၊ အနံ ၁၈ ပေ ၊ အမြင့် ၁၀ ပေခန့်ရှိ (ဓနိမိုး ၊ဝါးထရံကာ ၊မြေစိုက်)နေအိမ်(၁)လုံး နှင့် အလျား ၁၈ ပေ၊ အနံ ၂၄ ပေ ၊ အမြင့် ၁၅ ပေခန့်ရှိ (ဓနိမိုး ၊ဝါးထရံကာ ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံး ၊ စုစုပေါင်း နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးလောင်ကျွမ်းမှုကြောင့် လူ/တိရစ္ဆာန် ထိခိုက် ဒဏ်ရာ ရရှိမှု /မရှိ ၊ သေဆုံးမှုမရှိကြောင်းသိရသည်။အဆိုပါ မီးလောင်မှုနှင့်ပတ်သတ်၍ မီးစတင် လောင်ကျွမ်းခဲ့သည့် နေအိမ် ပိုင်ရှင် ဒေါ်အာနိုဂိုဇာမာလ် ၊ အသက်(၆၅)နှစ် (ဘ)ဦးမာမာတ်အီဆုပ်အား (ပြင်ဖြူ)နယ်မြေစခန်းတွင်(ပ)၄၁/၂၀၂၂ ၊ ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်လှစ်ကာ အရေး ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment