MNP - ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့ဝင်များသည် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ ခရိုင်နှင့်မြို့နယ် ဆည်မြောင်းဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နေ့လယ်ပိုင်းက လက်ပံတန်းမြို့နယ် စိန်တုံးကျေးရွာအုပ်စု စိန်တုံးပန်းတာတည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့သည် မြစ်ရေတိုက်စားမှု အခြေအနေ၊ ကမ်းပြိုခြင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးပြီး၊ စိန်တုံးကျေးရွာအုပ်စု အလယ်စုကျေးရွာအနီးတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုသည့် အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် မိုင်တိုင် ၁၉/၅ မှ ၂၁/၃ အထိ ၁ မိုင်နှင့် ၁ ဖာလုံရှိ ရေတားပန်းတာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ ကုမ္ပဏီမှ တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ရေးမှာကြားပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် သာရဝေါတိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံခြားမှပြန်လာသော ကိုဗစ်-၁၉ ပိုးတွေ့ လူနာများထားရှိရန်အတွက် Quarantine Center နှင့် Possitive Center များ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး၊ သက်ဆိုင်ရာ ကျေးရွာအုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး သတိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment