နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော် အေးမြင့်သာယာတံတားနှစ်စင်းဖွင့်ပွဲ အခမ်းအနားတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော် အေးမြင့်သာယာတံတားနှစ်စင်းဖွင့်ပွဲ အခမ်းအနားတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

 





MNP - ဇူလိုင်  ၁၅


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ ထိစပ်လျက်ရှိသည့် ဆင်သေချောင်းအား လွယ်ကူစွာဖြင့် ဖြောင့်ဖြောင့်တန်းတန်း ဖြတ်ကျော်သွားလာနိုင်စေရန်အတွက် နေပြည်တော်ကောင်စီ၏ ငွေအပ်လုပ်ငန်းအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူဆောက်လုပ်သော အေးမြင့်သာယာ တံတားနှစ်စင်းဖွင့်လှစ်ခြင်း မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။


ရှေးဦးစွာ အေးမြင့်သာယာတံတားနှစ်စင်းအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။


ထို့နောက် အေးမြင့်သာယာတံတားနှစ်စင်းအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။


အဆိုပါတံတားကို နေပြည်တော်ကောင်စီ၏ ငွေအပ်လုပ်ငန်းအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ရာ တံတားအရှည် - ၃၆၀ ပေ၊ တံတား ၁ စင်းအကျယ် - ၅၆ ပေ၊ တံတား ၂ စင်း အကွာအဝေး - ၃၉ ပေ၊ တံတားအမျိုးအစား - အုတ်မြစ်ဘိုးပိုင်၊ ကိုယ်ထည် - သံကူကွန်ကရစ်၊ အပေါ်ထည်  သံမဏိသံဘောင်ယက်မနှင့် သံကူကွန်ကရစ်ကြမ်းခင်း၊ တံတားပုံစံ Skew Type၊ ရေလမ်းကင်းလွတ်အမြင့် အမြင့်ဆုံးရေမှတ်အထက် ၄ ပေ၊ တံတားခံနိုင်ရည် ၆၀ တန်နှင့် ချဉ်းကပ်လမ်းအရှည် - ၂၀၈၈ ပေ ရှိပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)