MNP ၊ ဇူလိုင် ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးလုံခြုံရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အသိ ပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူမြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးသန်းလှိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက တောင်ရင်းရပ် ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျောက်ဖြူမြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးသန်းလှိုင်က ကျောင်း သား၊ ကျောင်းသူများအား မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်ကျွမ်းမှု ဖြစ်ပွားစေသည့်အချက်များ၊ မီးဘေးအန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့လာပါက ဆောင်ရွက်ရမည့်အချက် များ၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား Power Point ဖြင့်အကျယ်တဝင့် ဦးဆောင်ဆွေး နွေးဟောပြောသည်။
ထို့နောက် လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးချစ်နိုင်မှ သဘာဝဘေးဖြစ်ပေါ်လာပါက အရေး ပေါ်ရှာဖွေကယ်ဆယ်မှုများပြုလုပ်ရန်အတွက် ခေတ်မီစက်ကိရိယာများကိုအသုံးပြု၍ ရုံးများ၊ အိမ်များ နှင့် ထပ်မြင့်အဆောက်အဦများတွင်ပိတ်မိနေသည့် လူနာများအား အရေးပေါ်ရှာဖွေကယ်ထုတ်ပေးခြင်း၊ သတိမေ့မျောနေသည့်လူနာများကို ရှေးဦးသူနာပြုစုနည်းများဖြင့် ကူညီကယ်ဆယ်မှုများပြုလုပ်ခြင်း၊ အသက်ကယ်အင်္ကျီဝတ်ဆင်နည်းများပြသခြင်း ကြိုးခြည်နည်းများပြသပေးခြင်း၊ စသည့်ရှာဖွေကယ် ဆယ်ရေးအသိပညာပေးများနှင့် စက်ကိရိယာအသုံးပြုပုံအဆင့်ဆင့်ကို လက်တွေ့ပြသပေးခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ကျောက်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးသန်းလှိုင် ဦးဆောင်သည့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ အင်အား (၁၈၀)ကျော်ခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment