MNP - ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်နှင့် ဝန်ထမ်းမိသားစုဝင်များမှ စုပေါင်း၍ ယနေ့ နံနက် ၅ နာရီအချိန်တွင် ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီးဝန်းအတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့ အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုဝင်များမှ ဆရာတော်ကြီးများထံတွင် ငါးပါးသီလ ခံယူဆောက်တည်ကာ တရားဒေသနာတော်များနာကြားပြီး သကျမဟာသီရိဘုရားကြီးဝန်းအတွင်းရှိ သံဃာတော်အပါး(၃၀)၊ သီလရှင်အပါး(၃၀)တို့အား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အပါး(၃၀)တို့အား ဝါဆိုသင်္ကန်းနှင့် ဝတ္ထုငွေဆပ်ကပ်လှူဒါန်းခြင်း၊ သီလရှင်အပါး (၃၀)တို့အား ဝတ္ထုငွေဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်း - ဟိန်းထက်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment