တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်အတွင်းရှိ ဆလုံ(မော်ကယ်)တိုင်းရင်းသားများအား ဆန်၊ ဆီ များထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်အတွင်းရှိ ဆလုံ(မော်ကယ်)တိုင်းရင်းသားများအား ဆန်၊ ဆီ များထောက်ပံ့ပေးအပ်



MNP - ဇူလိုင်   ၃၁


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ ဆလုံ(မော်ကယ်)တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကော့သောင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ပြုလုပ်ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက တနင်္သာရီတိုင်းအတွင်းရှိ ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှစ်စဉ် ပံ့ပိုးပေးလျက်ရှိရာယခုနှစ်တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်ရှိ မော်ကယ်ဆလုံ လူမျိုးများအတွက် ဆန်နှင့်ဆီများကို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်းနောက်လာမည့် နှစ်များတွင် လည်းဆက်လက်ထောက်ပံ့ပေး အပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးက ကော့သောင်းမြို့နယ်အတွင်းရှိ မကြုံဂလက်၊ ညောင်ဝိ၊ ဂျလန်း၊ ဇာဒက်ကြီးနှင့်ဂျာအုန်းကျေးရွာ(၅)ရွာမှ ဆလုံတိုင်းရင်းသားများ အိမ်ထောင် စု(၂၈၂)စုရှိ ဆလုံတိုင်းရင်းသားများကို အိမ်ထောင်စုတစ်စုလျှင် ဆန်နှစ်အိတ် ဆီတစ်ပုံး နှုန်းဖြင့် ဆန်(၂၄)ပြည် အိတ်(၅၆၄)အိတ်၊ ဆီ (၅)ပိသာဆံ့ဆီပုံး(၂၈၂)ပုံးတို့အားထောက်ပံ့ပေးရာ ကျေးရွာအသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူပြီး ဆလုံစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးငွေဝင်းမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။


ထို့နောက် ဝန်ကြီးသည် တက်ရောက်လာသည့် ဒေသခံဆလုံတိုင်းရင်းသားများ၏ တင်ပြချက် များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိမှု အခြေအနေတို့အား ကဏ္ဍအလိုက် ဆွေးနွေးညှိနှိုင်းကာ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပံ့ပိုး ဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)