MNP - ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေး၌ ယနေ့နံနက်ပိုင်းက သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရေး၊ လမ်းဘေးဝဲယာတွင် အရိပ်ရသစ်ပင်များရှင်သန်ဖြစ်ထွန်းစေရေး၊ သစ်ပင်သစ်တောတန်ဖိုးကိုနားလည်ချစ်မြတ် နိုးသည့် စိတ်ဓါတ်ဖော်ဆောင်နိုင်ရေးတို့အတွက် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘုရားကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးလွင်ဖြိုးအောင်က ပဲခူးမြို့ နယ်မြေရဲ တပ်ဖွဲ့စခန်း၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ပျိုးပင်များအား ဖြန့်ဝေပေးအပ်ခဲ့သည်။ ထို့နောက် ဘုရားကြီးမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင် ရာဝန်ထမ်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ပဲခူးမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးနှင့် သစ်တောအဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ပြည်သူများမှ သက်တမ်း(၂)နှစ်နှင့်အထက်ရှိ စိန်ပန်းနီပျိုးပင်(၁၁၅)ပင်၊ ငုရွှေဝါပျိုးပင်(၁၁၅)ပင် စုစုပေါင်းအရိပ်ရ ပျိုးပင်ပေါင်း(၂၃၀)ပင်အား စိုက်ပျိုးပေးခဲ့ကြပြီး မြို့အုပ်ချုပ်ရေးမှူး ဦးလွင်ဖြိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်း - သက်ဖြိုးကြိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment