သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဦးတည်အုပ်စုအလိုက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဦးတည်အုပ်စုအလိုက်ထိုးနှံ

 


MNP - ဇူလိုင်  ၂၇


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေအရွယ် ကလေးများ ကိုဗစ်-၁၉ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရန်နှင့် သာကေတမြို့နယ်အတွင်းရှိ ပြည်သူများ ရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီအထိ ၁၀/တောင်ရပ်ကွက်၊ အမှတ်(၄၆) အခြေခံပညာမူလတန်းကျောင်း၊ ၁/အနော်မာရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၄၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် Phase12 (Sinopharm)  ထိုးနှံခြင်းနှင့် ၁ဝ/တောင်ရပ်ကွက်ရှိ J&M steel solution company ဝန်ထမ်း(၁၅၀)ဦး Booster(covishield)ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံ အုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်း၏စီမံကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာ‌ရေးဌာနနှင့် တာဝန်ရှိသူများမှ ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ ကျောင်းကော်မတီဝင်များမှဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ၊မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်း ရှိ၊ မရှိ၊ စနစ်တကျ စစ်ဆေးပြီး ဆေးထိုးအဖွဲ့(၃) ဖွဲ့ဖြင့် ထိုးနှံဆောင်ရွက်လျက်ရှိသည်။


သာကေတမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် လျာထားဦးရေ(၁၆၈၄၆၆)ဦးရှိရာ (၂၈-၇-၂၀၂၂)ရက်နေ့အထိ ပထမအကြိမ်၌ (၈၇၁၀၀)ဦး၊ ဒုတိယအကြိမ်၌ (၈၆၃၃၅)ဦးအား ထိုးနှံပြီးစီးပြီး(၁-၃-၂၀၂၂)ရက်နေ့မှ(၂၄-၇-၂၀၂၂)ရက်နေ့ အထိ ပထမအကြိမ်၌ (၈၃၀၂၉)ဦး၊ ဒုတိယအကြိမ်၌ (၆၆၀၁၈)ဦးအား ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီး ရာနှုန်းပြည့်လွှမ်းခြုံမှုရှိစေရန် ဆက်လက်ထိုးနှံဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - ဆောင်းနှင်းဖြူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)