ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် မြောင်းမြမြို့တွင် ခရိုင်အဆင့် ကျင်းပ သည့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် မြောင်းမြမြို့တွင် ခရိုင်အဆင့် ကျင်းပ သည့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်






MNP - ဇူလိုင်   ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ-ထ-က(၁)ကျောင်း ပညာရတနာခန်းမ၌ (၂၃)ကြိမ် မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီတွင် ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အနုပညာ သရုပ်ဆောင် ဝါးခယ်မ ရဲမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။


ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာ စကား ပြောကြားရာတွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး သည် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ၏ မူလရှိပြီးဖြစ်သည့် ခံ့ညားထည်ဝါသော ဂုဏ်ဒြပ်များအပြင် နိုင်ငံတော် တစ်နံ တစ်လျား၌ အတူတကွ နေထိုင်ကြသည့် သွေးချင်း ညီအစ်ကို မောင်နှမများ၏ ရိုးရာ အနုသုခုမများ ပိုမိုလေးနက်စွာ ပေါင်းစပ်ပါဝင်ကြသည့်အတွက် တိုင်းရင်းသားများ၏ သွေးစည်း ညီညွတ်မှု အနှစ်သာရကို ပိုမိုပီပြင်အောင် တိုးတက်ဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စု တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု၊ အနုသုခုမ အကများကို ရေမြေဒေသမခွဲဘဲ ခြုံငုံသုံးသပ်ကြည့်လျှင် ခေါင်း၊ ခါး၊ ခြေ၊ လက် မှ စသည့် မြန်မာတိုင်းရင်းသားအားလုံး ပိုင်ဆိုင် သည့် ရိုးရာအက အခြေခံစနစ် တစ်ခုတည်းအောက်မှ မကွဲမပြား တည်ရှိနေကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ တီးခတ်သည့် တူရိယာများကလည်း အရွယ်၊ အစား၊ အရေအတွက် နှင့် သံစဉ်၊ နရီများ၊ ကွဲပြားသော်လည်း ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် ဟူသည့် မြန်မာတိုင်းရင်းသားများ၏ အခြေခံတူရိယာငါးပါးထဲမှ ခွဲထွက်သွားခြင်းမရှိသည်ကို တွေ့ရမှာ ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် မြောင်းမြခရိုင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်ရေးအတွက် ပြိုင်ပွဲဝင် အနုပညာရှင်များနှင့် အကဲဖြတ်ဒိုင်လူကြီးများ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် ဝန်ထမ်းများ၊ ပံ့ပိုးကူညီပေးကြသူများ၊ စိတ်ပါဝင်စားစွာဖြင့် ကူညီဆောင်ရွက်ပေးကြသူများကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်းနှင့် (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရ အတီး ပြိုင်ပွဲ ဦးတည်ချက်များနှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်မပျက် အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုကြောင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီး အဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး မြောင်းမြခရိုင်အဆင့် (မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ) မြို့နယ်များမှ ပြိုင်ပွဲဝင် များက ဝါသနာရှင်အဆင့်၊ အဆင့်မြင့်အဆင့်၊  အခြေခံပညာ အဆင့် စသည်ဖြင့် သတ်မှတ်ထားသည့် အဆင့် အလိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုများဆက်လက်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)