Pages

Pages

ပေါက်တောမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့အဖြစ် အလှူဒါနပြုလုပ်သူများ၊ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကားလျှက်ရှိ




MNP ၊  ဇူလိုင် ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များတွင် ယနေ့ကျရောက်သည့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘဝါနာများကျင့်ကြံအားထုတ်ခြင်းများဖြင့်စည်ကားလျှက် ရှိကြောင်းသိရသည်။

ထိုသို့ကောင်းမှုကုသိုလ်၊ အလှူဒါနပြုလုပ်ရခြင်းမှာဝါဆိုလပြည့်နေ့မှ ဝါတွင်းကာလပတ်လုံး ဗုဒ္ဓဘာသာဝင်များအနေဖြင့် နီးစပ်ရာဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘာဝနာအားထုတ်ခြင်းများဖြင့် ပြုလုပ်သွားကြမည်ဖြစ်ကြောင်းသိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment