Pages

Pages

ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလှိုဏ်ဂူတော်ဘုရားကြီး၌ ဝါဆိုလပြည့်နေ့ ဘုရားဖူးများဖြင့်စည်ကား



MNP - ဇူလိုင်   ၁၂


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွှေဥမင်သဘာဝ လှိုဏ်ဂူတော်ဘုရားကြီးနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားသွား၊ ကျောင်းတက်၊ ဥပုဒ် သီလဆောက်တည်သူများ၊ ဘုရားဖူးများဖြင့်အထူးစည်ကားများပြားလျက်ရှိသည်။


ပင်းတယမြို့သည် ပင်လယ်ရေမျက်နာပြင် အမြင့် ၃၈၈၀ ပေတည်ရှိပြီး၊ အေးချမ်းသာယာ၍ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ အထွဠ်အမြတ်ထားရာ  ရှေးဟောင်းစေတီပုထိုးပေါများသော တောင်ပေါ်မြို့လေးဖြစ်သည်။


ယနေ့ ဝါဆိုလပြည့်နေ့၌ လှိုဏ်ဂူတော်အတွင်းဘုရားစေတီ အဆူပေါင်း(၈၀၉၄) ဆူ ရှိသည့်ရှေးဟောင်းသမိုင်းဝင်သဘာဝ ရွှေဥမင်လှိုဏ်ဂူတော်ဘုရားကြီးနှင့် ဘုန်းတော်ကြီးကျောင်းများတွင် နံနက်အာရုံဆွမ်းကပ်ခြင်း၊ဆန်၊ ဆီ၊ ဆား၊ ဆေး၊ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြခြင်း၊ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့်  ရွှေသင်္ကန်း ကပ်လှူပူဇော်သူများဖြင့် ရပ်နီး ရပ်ဝေးဘုရားဖူးဧည့်သည်များ အထူးစည်ကားလျက်ရှိကြောင်းနှင့် ဘုရားဖူးဧည်သည်များ အနေဖြင့် ရွှေဥမင်သဘာဝလှိုဏ်ဂူတော် ဘုရားကြီးအား နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း လာရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။


သတင်း - အေးအေးလတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment