Pages

Pages

ဂွမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

 




MNP ၊ ဇူလိုင်  ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် ဝန်ထမ်းများစုပေါင်း၍ ၂၀၂၂-ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီ က ဂွမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ  ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး‌နောက် တက်ရောက်လာကြသည့်ဧည့်ပရိတ်သတ်များက မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ သမ္ဓမ္မမေဒနီ မြို့မကျောင်းတိုက်  ဆရာတော် ဘဒ္ဒန္တသုစိတ္တဓမ္မ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များက  မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ပွားသ‌ရဇ္ဈာယ်ပေးကြသည်။  ဆက်လက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော် မိသားစုနှင့် အရာထမ်း၊ အမှုထမ်းများမှ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများကိုဆက်ကပ်လှူဒါန်းပေးကြသည်။  ထို့နောက် ဂွမြို့၊  သမ္ဓမ္မမေဒနီ မြို့မကျောင်းတိုက်  ဆရာတော် ဘဒ္ဒန္တသုစိတ္တဓမ္မ ဆရာတော်ဘုရားမှ  အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက်  ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီးနောက်  ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ သမ္ဓမ္မမေဒနီ မြို့မကျောင်းတိုက်  ဆရာတော်ကြီး ဘဒ္ဒန္တသုစိတ္တဓမ္မနှင့် မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဆရာတော် (၄)ပါး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော် မိသားစုနှင့် အရာထမ်း၊ အမှုထမ်းများ၊  မြို့နယ်ဌာနဆိုင်များနှင့် မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment