တနင်္သာရီမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ



MNP - ဇူလိုင်  ၈


တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အားကစားကဏ္ဍဖွံ့ဖြိုးမှုအစီအစဉ် (TSDP)အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ယနေ့မွန်းလွဲ ၃ နာရီခွဲအချိန်က ပြည်ဖြိုးထွန်းအသင်းနှင့် တမုတ်ချုန်းအသင်းတို့က တနင်္သာရီမြို့နယ်-မြို့မအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားကြရာ ပြည်ဖြိုးထွန်းအသင်းက (၂ဂိုး-၁ဂိုး)ဖြင့် အနိုင်ရဗိုလ်စွဲသွားကြောင်း သိရှိရသည်။


၎င်းဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ဒေသခံအားကစားဝါသနာရှင်များက တခဲနက်အားပေးကြည့်ရှုခဲ့ကြပြီး ကွင်းလယ်ဒိုင်အဖြစ် မြိတ်မြို့မှ ဦးသူရအောင်၊ စည်းကြပ်ဒိုင်များအဖြစ် ဦးအောင်ပိုင်ဦးနှင့် ဦးနေလင်းတို့က လာရောက်ဆောင်ရွက်ပေးကြကြောင်း သိရှိရသည်။


ထို့နောက် ညနေ ၅ နာရီ ၄၅ အချိန်တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရှေးဦးစွာ ဒိုင်အဖွဲ့အား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ပပထွန်းက အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး၊ အရှေ့တန်း၊ အနောက်တန်း၊ အလယ်တန်းနှင့် ဂိုးအကောင်းဆုံးဆုရ အားကစားသမားများနှင့် တတိယဆုရရှိသည့် ချောင်းကြီးအသင်း၊ ဒုတိယဆုရဆုရရှိသည့် တမုတ်ချုန်းအသင်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးကျော်ကျော်ခေါင်နှင့် တာဝန်ရှိသူများကလည်းကောင်း ဆုတံဆိပ်နှင့် တစ်ဦး ချင်းလည်ဆွဲဆုများ ချီးမြှင့်ပေးကြသည်။


အလားတူ ပထမဆုရရှိသည့် ပြည်ဖြိုးထွန်းအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်းက တစ်ဦးချင်းလည်ဆွဲဆုများနှင့် ဆုငွေ(၈) သိန်းကျပ်ကိုလည်းကောင်း၊ (ပထမ)ဒိုင်းဆုကြီးကို မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက အသင်းအုပ်ချုပ်သူထံသို့လည်းကောင်း အသီးသီးချီးမြှင့်ပေးကြပြီး  ဆုငွေအားဖြင့် ပထမဆုအအသင်းကို (၈)သိန်းကျပ်၊ ဒုတိယဆု(၅)သိန်းနှင့် တတိယဆု(၃)သိန်းကျပ်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၁ ရက်နေ့မှစ၍ တမုတ်ချုန်းကျေးရွာအုပ်စုအသင်း၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ပြည်ဖြိုးထွန်းကုမ္ပဏီ၊ ချောင်ငယ်ရပ်ကွက်အသင်း၊ မောတောင်မြို့ အသင်း၊ သိန်ခွန်းကျေးရွာအသင်း၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ ချောင်းကြီးရပ်ကွက်အသင်း စသဖြင့် အသင်း(၈)သင်းက အုပ်စု(၂)စုခွဲ၍ မြို့မအားကစားကွင်းအတွင်း နေ့စဉ်မွန်းလွဲ ၃ နာရီခွဲအချိန် ယှဉ်ပြိုင်ကစားခဲ့ကြရာ ယနေ့တွင် နောက်ဆုံးဗိုလ်လုပွဲဖြစ် ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သတင်းရရှိသည်။


သတင်း - နန်းသာရီ-ထိန်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)