အမျိုးသားရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ထမိန်ခြုံများ၏ စည်းရုံးသိမ်းသွင်းခြင်းခံလိုက်ရသော ဟိန်းဝေယံ ဆိုသူသည် ထိုင်းနိုင်ငံမှနေ၍ ရိုင်းစိုင်းရမ်းကားလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမျိုးသားရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ထမိန်ခြုံများ၏ စည်းရုံးသိမ်းသွင်းခြင်းခံလိုက်ရသော ဟိန်းဝေယံ ဆိုသူသည် ထိုင်းနိုင်ငံမှနေ၍ ရိုင်းစိုင်းရမ်းကားလျက်ရှိ


MNP ၊ ဇူလိုင် ၂၇

သာကေတမြို့နယ်၊ မျိုးချစ်သွေးဓမ္မကွန်ရက် အဖွဲ့ဝင် အမျိုးသားရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ကိုကြည်လင်းနှင့်အဖွဲ့ အင်းစိန်တရားရုံးတွင် ရုံးထုတ်စဉ်က မင်းတို့ထမင်းဝအောင်စားထားပါ အင်္ကျီကို ဝတ်ဆင်သွားမိခြင်းကြောင့် NLD အစိုးရလက်ထက်တွင် ဟိန်းဝေယံ သည် တရားစွဲဆိုထောင်ချခြင်း ခံခဲ့ရသည်။

အမျိုးသားရေးလှုပ်ရှားသူတချို့နှင့် ပုဂ္ဂိုလ်ရေးပြဿနာများ ဖြစ်ပေါ်ခဲ့ရာမှ အမျိုးသားရေးလှုပ်ရှားသူများကို အစဉ်တစိုက် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ပြည်ပမှ NLD လော်ဘီ ဇာနည်ထိုက်တို့နှင့် ပူးပေါင်းချိတ်ဆက်လုပ်ဆောင်လာခဲ့သည်။

NLD အစိုးရလက်ထက်တွင် စွဲဆိုခံခဲ့ရသူ ဟိန်းဝေယံ အား နစက အစိုးရတက်လာပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ လွှတ်ပေးလိုက်ပြီးနောက် ထိုင်းနိုင်ငံဘက်တွင် သွားရောက် အလုပ် လုပ်ကိုင်ရင်း အမျိုးသားရေးလှုပ်ရှားသူများကို အစဉ်တစိုက် စော်ကားတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ယခုအခါ NLD အစွန်းရောက် အကြမ်းဖက်သမားများနှင့် ပူးပေါင်းရပ်တည်၍ အမျိုးသားရေးဦးဆောင်ဆရာတော် ဦးဝီရသူ ကိုပင် ဆဲဆိုစော်ကား ပြောဆို၍ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကို ဆဲဆိုထားသော ရုပ်သံကို သူ၏ လူမှုကွန်ရက်စာမျက်နှာမှ live လွှင့်ပြောဆိုထားသည်ကို တွေ့ရသည်။

အမျိုးသားရေးလှုပ်ရှားသူတချို့နှင့် ပုဂ္ဂိုလ်ရေးပြဿနာဖြစ်ခဲ့ရာမှ NLD အစွန်းရောက် အကြမ်းဖက်အုပ်စုဘက် ရောက်ရှိသွားသူ ဟိန်းဝေယံက သူ၏ လူမှုကွန်ရက်စာမျက်နှာမှ "မဘသ အဖွဲ့ဝင်တွေရဲ့ မိသားစု ဆွေမျိုး သူငယ်ချင်း အပေါင်းသင်း လိပ်စာတွေအားလုံး ဒီရက်ပိုင်း ကျတော် စာရင်းလုပ်ပြီး UG တွေစီပို့ပေးပါမယ်။ မင်းတို့အားလုံးပြန်ပေးဆက်ရမယ်" ဟု ရေးသားထားသည်ကို တွေ့မြင်ရသည်။

ဟိန်းဝေယံ ၏ အစ်ကိုဖြစ်သူ ကိုတင်ဌေးအောင်(ခ) ကိုကြီးကောင်မှာ အမျိုးသားရေးလှုပ်ရှားမှုများတွင် ဆက်လက်ရပ်တည် ဆောင်ရွက်နေဆဲဖြစ်သော်လည်း ဟိန်းဝေယံမှာ လူပေါင်းမှားပြီး အကြမ်းဖက်အုပ်စုဘက် ရောက်ရှိကာ ယခု အခါ နီပိန်းအစွန်းရောက်များ ရိုင်းစိုင်းရမ်းကားသကဲ့သို့ ရမ်းကားနေသည်ကို တွေ့မြင်ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)