ရွှေဘိုခရိုင်ရုံး(Community Centre)ခန်းမတွင် အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုခရိုင်ရုံး(Community Centre)ခန်းမတွင် အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲဆောင်ရွက်

 



MNP - ဇူလိုင်  ၂၀


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် အာဇာနည်နေ့အကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁ဝနာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။


အဆိုပါ Talk Show တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး ရွှေဘိုမြို့နယ် စာရေးဆရာအသင်း နာယကဆရာ ဘာမထီခင်အောင်နှင့်ဆရာရွှေစောသက်တို့က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လေးစားအတုယူဖွယ်အကြောင်းအရာများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်း အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


အဆိုပါဆောင်ရွက်ချက်များကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် အသိပညာ‌ပေး ‌Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Pageတွင် စဉ်ဆက်မပြတ် စီစဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။                                


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)