Facebook ကို ငွေပေးသွင်း၍ ကြော်ငြာနေသော လုပ်ရပ်များကို တားမြစ်သင့်ကြောင်း လေ့လာသူများ သုံးသပ်ပြောဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Facebook ကို ငွေပေးသွင်း၍ ကြော်ငြာနေသော လုပ်ရပ်များကို တားမြစ်သင့်ကြောင်း လေ့လာသူများ သုံးသပ်ပြောဆို


MNP ၊ ဇူလိုင် ၃၁

Facebook လူမှုကွန်ရက်သည် မြန်မာပြည်သူများအကြားတွင် အသုံးပြုမှုတွင်ကျယ်လျက်ရှိပြီး ဆူပူအကြမ်းဖက် နိုင်ငံရေးလှုံ့ဆော်သူများကလည်း Facebook ပေါ်မှ ဆူပူအကြမ်းဖက် ဝါဒဖြန့်လှုံ့ဆော်မှုများကို လုပ်ဆောင်လျက်ရှိရာ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ဒေါ်လာပေးသွင်း၍ ကြော်ငြာနေသော လုပ်ငန်းများကို အစိုးရအနေဖြင့် တရားဝင်တားမြစ်သင့်ကြောင်း ပြောသည်။


လေ့လာသူတစ်ဦးက "ဒီကုမ္ပဏီကြီးတွေအတွက်က အကျိုးစီးပွားပဲ ကြည့်တာဗျ။ အခု NLD ဘက်ကို ရပ်တည်ပေးနေတယ်ဆိုတာကလည်း NLD အစိုးရလက်ထက်မှာ အစိုးရဘဏ္ဍာငွေသုံးစွဲပြီး facebook ကို ပေးလိုက်ရတာ နည်းမှ မနည်းပဲ။ နေ့စဉ် facebook က Booost လုပ်ပြီး ကြော်ငြာနေတဲ့ လုပ်ငန်းတွေကလည်း မနည်းဘူး။ ဒါတွေကို စိစစ်ဖို့ မလွယ်ဘူး ဆိုပေမယ့် ဘယ်page တွေ promote လုပ်ထားတယ်ဆိုတာ သိသာပါတယ်။ ဒါက တိုင်းပြည်က နေ့စဉ်ထွက်နေတဲ့ နိုင်ငံခြားငွေတွေပဲ။ ဒါတွေကို အစိုးရက တရားဝင်တားမြစ်လိုက်မယ်ဆိုရင် နိုင်ငံခြားထွက်ငွေ သိသိသာသာ လျော့ကျသွားလိမ့်မယ်။ ဒါဆိုရင် facebook ကိုလည်းအတိုင်းအတာ တစ်ခုအထိ ဂယက်ရိုက်သွားလိမ့်မယ်။ အစိုးရအနေနဲ့ လုပ်သင့်ပါတယ်။ ဘာလုပ်မလဲ။ ဘာလုပ်မလဲ စောင့်ကြည့်နေတာ ဘာမှလုပ်တာမတွေ့တော့ အခက်တွေ့နေတယ်။" ဟု သုံးသပ်ပြေဆိုသည်။


လေ့လာသူတစ်ဦးက "Facebook က community standard တွေ သတ်မှတ်ပြီး ဆူပူအကြမ်းဖက်မှုတွေ မလှုံ့ဆော်ရဘူး။ လူ့ဂုဏ်သိက္ခာညှိုးနွမ်းအောင် မလုပ်ရဘူး ဆိုတဲ့ အချက်တွေ သတ်မှတ်ထားပေးမယ့် အခု မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ facebook က Blue Mark တပ်ပေးထားတဲ့ မင်းကိုနိုင်၊ ဇော်ဝေစိုး၊ မျိုးရန်သိန်း၊ ပန်ဆယ်လို တို့ ရဲ့ လှုံ့ဆော်မှုတွေဟာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်အောင်လှုံ့ဆော်ရုံတင်မကတော့ဘူး။ လူမျိုးရေး၊ ဘာသာရေးပြဿနာတွေ ဖန်တီးတဲ့ အဆင့်အထိ ကြောက်စရာကောင်းလောက်အောင် လှုံ့ဆော်နေကြတာပဲ။ facebook က အဲဒီ လှုံ့ဆော်မှုတွေကို ဖြတ်ချတာ၊ ဖြုတ်ချတာ ဘာတစ်ခုမှ မရှိဘူး။ အဲဒီကောင်တွေရဲ့ လုပ်ရပ်တွေ၊ NUG, CRPH, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ရေးသားပြောဆိုတင်ပြမှုတွေကို အကုန်လုံး လိုက်ဖျက်ချနေတာ။ နိုင်ငံတော်ဘဏ္ဍာကို NLD က အခုချိန်အထိ အသုံးပြုခွင့်ရနေတုန်းပဲ။ နိုင်ငံတော်ဘဏ္ဍာကို ထင်တိုင်းအသုံးပြုပြီး ပြည်သူကို မှိုင်းတိုက်သွားခဲ့တဲ့ လုပ်ရပ်တွေပဲ။ Blue Mark တပ်ပေးတယ်ဆိုတာက ယုံကြည်စိတ်ချရသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေဖြစ်လို့ တပ်ပေးတဲ့သဘောဖြစ် ပေမယ့် အခု facebook မှာ blue mark ရထားတဲ့ ကောင်တွေ၊ ကောင်မတွေ အများစုက အကြမ်းဖက်လှုံ့ဆော်သူ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်သူတွေ ဖြစ်နေတယ်။" ဟု သုံးသပ်ပြောဆိုသည်။


မြန်မာနိုင်ငံမှ facebook များ ထောင်ဂဏန်းအထက် ရှိနေပြီး နေ့စဉ်ဒေါ်လာပေးသွင်း၍ လူထုကြား ကြော်ငြာများ ပျံ့နှံ့အောင် လုပ်ဆောင်လျက်ရှိကြောင်း၊ facebook ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံမှ နေ့စဉ်ဒေါ်လာ သိန်းချီအကျိုးအမြတ်ရ ရှိနေပြီး ပြည်ဖျက်လုပ်ငန်းများကို အားပေးအားမြှောက်လုပ်နေသည့် အပေါ် ဥပဒေအရ တားဆီးရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း တိုင်းပြည်မှာ ကြုံတွေ့နေရသည့် အခြေအနေမှန်ကို နားလည်လက်ခံပြီး promote လုပ်ပြီး ကြော်ငြာနေမှုများကို ရပ်ဆိုင်းထားသင့်ကြောင်း၊ facebook ကို အကျိုးအမြတ်ရအောင် လုပ်ပေးခြင်းအားဖြင့် တိုင်းပြည်အတွက် ပြန်လည်ရရှိသော အကျိုးသက်ရောက်မှုများကို အစိုးရနှင့် လုပ်ငန်းရှင်များ ညှိနှိုင်းအဖြေရှာသင့်ကြောင်း၊ အစိုးရအနေဖြင့် ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံခြားငွေကြေး သုံးစွဲမှု စိစစ်ရေး လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်မည်ဆိုပါက facebook လူမှုကွန်ရက် တည်ထောင်သူများကို စီးပွားရေးအရ ချုပ်ကိုင်နိုင်မည်ဖြစ်ပြီး လေလွင့်ဆုံးရှုံးနေသော နိုင်ငံခြားငွေေကြေးသုံးစွဲမှုများကို တားဆီးနိုင်မည်ဖြစ်သည့်အပြင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်နေမှုများကိုလည်း နောက်ဆက်တွဲ ကိုင်တွယ်လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)