အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်း( ၂/၂၀၂၂)တွံတေး၌ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်း( ၂/၂၀၂၂)တွံတေး၌ဖွင့်လှစ်

 



MNP - ဇူလိုင်  ၆


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်း အတတ်သင်သိပ္ပံ (တွံတေး) တွင်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းအမှတ်စဉ်(၂/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ရွှေကအဖွင့်အမှာစကားပြောကြားပြီး သင်တန်းကျောင်းတာဝန်ခံ ဒေါ်မိုးသူဇာမောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ သင်တန်းသား /သင်တန်းသူများက တစ်ဦးခြင်း မိတ်ဆက်ခဲ့သည်။ ဆက်လက်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။


ထို့နောက်တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့ဝင်များက ငါးလုပ်ငန်းအတတ်သင်သိပ္ပံ(တွံတေး)  ကျောင်းအတွင်း ငါးသားဖောက်ဖောက်လုပ်ထားမှု၊ ရေချိုသဘာဝငါးမြင်းအား စမ်းသပ်သားဖောက်အောင်မြင်နေမှုအား ကြည့်ရှုလေ့လာရာ ကျောင်းအုပ်ကြီး ဒေါ်မိုးသူဇာမောင်က လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည်။


ယခုသင်တန်း (၂/ ၂၀၂၂ )သင်တန်းသား / သင်တန်းသူ(၂၀)ဦးကို ဘာသာရပ် (၁၀) မျိုးဖြစ်သည့် မြန်မာနိုင်ငံ ငါးမွေးမြူရေးသမိုင်းကြောင်းနှင့် ငါးသားဖောက်ခြင်း၊ ငါးသားဖောက်ပြုစုနည်း၊ ငါးအစာနှင့်အာဟာရ၊ ရေအရည်အသွေးထိန်းသိမ်းခြင်း၊ ကန်ပြင်ဆင်ခြင်း၊ ရေသတ္တဝါ မွေးမြူရေးနှင့် စားပင်သီးပင်တွဲဖက် မွေးမြူစိုက်ပျိုးခြင်း၊ ငါးရောဂါကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း၊ ရေချိုအလှမွေးငါးများ မွေးမြူသားဖောက်ခြင်း၊ ငါးသက်တမ်းနှင့် အထီးအမ ခွဲခြားခြင်း၊ အပြင်ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်ဖြင့် မွေးမြူရာတွင် လိုက်နာရမည် မူဝါဒ(၄)ချက်ဖြစ်သည့် အစားအစာဘေးဥပဒ်ကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင့် ရေရှည်တည်တံရေး၊ ငါးကျန်းမာရေးနှင့် ကောင်းမွန်စွာ နေထိုင်ရှင်သန်ရေး၊ လူမှုရေးဆိုင်ရာ တာဝန်သိစိတ်များစသည့် အခြေခံမူများနှင့် ပတ်သက်၍ သင်တန်းကို ဇူလိုင် ၄ ရက်နေ့မှ ဇူလိုင် ၈ ရက်နေ့အထိ ၅ ရက်ကြာ သင်တန်းနည်းပြဆရာများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - မျိုးလှိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)