GIS နည်းပညာကိုအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း ရပ်ကွက်နှင့်ကျေးရွာတည်နေရာ Point များကောက်ယူခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

GIS နည်းပညာကိုအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း ရပ်ကွက်နှင့်ကျေးရွာတည်နေရာ Point များကောက်ယူခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်




MNP - ဇွန်   ၃၀


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ရုံးမှ ကြီးမှူးကျင်းပသော GIS နည်းပညာကို အသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များဖွဲ့စည်းခြင်းလုပ်ငန်း၊ ရပ်ကွက်နှင့်ကျေးရွာတည်နေရာ၊ Point များကောက်ယူခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀) နာရီက စုပေါင်းရုံး၊ အစည်းအဝေးခန်းမဆောင်၍ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ၊ ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်လွင်ဦးမှ Arc GIS Survey 123 Software အသုံးပြု၍ ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များကောက်ယူခြင်းသင်တန်းနှင့်ပတ်သက်၍ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများမှ သင်တန်းတက်ရောက်မည့် မြို့နယ်ဦးစီးမှူးများအား သင်တန်းနှင့်ပတ်သက်သည့် အထောက်အကူပြုပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။


အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဆရာများမှ GIS နည်းပညာကိုအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း၊ ရပ်ကွက်နှင့် ကျေးရွာတည်နေရာ၊ Point များ ကောက်ယူခြင်းဆိုင်ရာပညာရပ်များကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချလျက်ရှိရာ ပြင်ဦးလွင်ခရိုင်အတွင်းမှ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနှင့် မိုးကုတ်မြို့နယ်တို့ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးများအပါအဝင် သင်တန်းသား (၁၅) ဦး တက်ရောက်သင်ကြားလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)