MNP ၊ ဇူလိုင် ၂၉
စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ဗဟိုလမ်းတွင် မသင်္ကာဖွယ်အရာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတစ်ဦးကို ဇူလိုင်လ ၂၉ ရက်နံနက် (၁၁ ၂၀) နာရီတွင် လုံခြုံရေးလှည့်ကင်းက စစ်ဆေးရန်ခေါ်ယူရာ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရမိကြောင်း သိရသည်။
ကျောပိုးအိတ်လွယ်ထားသော NLD အစွန်းရောက် PDF အကြမ်းဖက်သမားကို စစ်ဆေးရန်ခေါ်ယူရာ အစစ်ဆေးမခံဘဲ ခြံအမှတ် ၄၀ အတွင်း ဝင်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ခါးတွင်ထိမှန်ဒဏ်ရာဖြင့်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
NLD အစွန်းရောက် PDF အကြမ်းဖက်သမား၏ ကျောပိုးအိတ်အတွင်းမှ မီးရှိစနက်တံပါလက်လုပ်ဗုံးတစ်လုံး၊ ၉ မမကျည်ခြောက်တောင့်၊ ဆေးခြောက် ၁၀၀ ဂရမ်ခန့်တို သိမ်းဆည်းရမိပြီး တရားခံကို ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment