ဒေးဒရဲမြို့နယ်၊ အင်ဒူးကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယတစ်ဦးတို့အား NLD အစွန်းရောက် အကြမ်းဖက်သမားများက ဓားများဖြင့် ရက်စက်စွာသတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေးဒရဲမြို့နယ်၊ အင်ဒူးကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယတစ်ဦးတို့အား NLD အစွန်းရောက် အကြမ်းဖက်သမားများက ဓားများဖြင့် ရက်စက်စွာသတ်ဖြတ်


MNP ၊ ဇူလိုင် ၂၀

နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများကို စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။


ထိုသို့ပြုလုပ်လျက်ရှိရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ အင်ဒူးကျေးရွာ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် သက်တော်(၉၃)နှစ်၊ ဝါတော်(၇၂)ဝါရှိ ဘဒ္ဒန္တ အိန္ဒြိယနှင့် အဆိုပါဘုန်းကြီးကျောင်းမှ ကပ္ပိယဖြစ်သူ ဦးမောင်စော (၆၂)နှစ်တို့အား ယနေ့နံနက်တွင် အကြမ်းဖက်သမားများက ဓားများဖြင့်ရက်စက်စွာ ဝိုင်းဝန်းထိုးခုတ်ခဲ့သဖြင့် ဆရာတော်တွင် ဦးခေါင်းငယ်ထိပ်ပြတ်ရှဒဏ်ရာများနှင့် ဝဲပါးပြတ်ရှဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး ဦးမောင်စောတွင် မေးစေ့ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။


အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၂ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အဆိုပါဖြစ်စဉ်မှ သံဃာတော်တစ်ပါးနှင့် ကပ္ပိယတို့အား ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ဥပဒေနှင့်အညီ အရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)