မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် မွန်ပြည်နယ် လက်ရွေးစင် လူကြီး (Old Star) ဘောလုံးအသင်း ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲ ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် မွန်ပြည်နယ် လက်ရွေးစင် လူကြီး (Old Star) ဘောလုံးအသင်း ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲ ကြည့်ရှုအားပေး

 






MNP - ဇူလိုင်   ၃၁


မွန်ပြည်နယ်အတွင်းရှိ လူငယ် လူရွယ်များ ၊ ကျန်းမာကြံ့ခိုင် စေရေးနှင့် စိတ်ဓါတ်ရေးရာ မြင့်မားစေရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် အားကစားနည်းများအလိုက် ပြိုင်ပွဲများကျင်းပ ပြုလုပ်ပေးခြင်းအပြင် အသက်အရွယ်အလိုက် အားကစားလေ့လာလိုက်စားနိုင်စေရန် ရည်ရွယ် ၍ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၂၉ ရက်နေ့ညနေပိုင်းက မော်လမြိုင်မြို့၊ Southern Myanmar ဘောလုံးအားကစားကွင်း ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် မွန်ပြည်နယ် လက်ရွေးစင် လူကြီး (Old Star) ဘောလုံး အသင်း ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့သည်။


အဆိုပါ (၂) ဘက် ဘောလုံး အသင်းရှိ အားကစားသမားများက ကွင်းအတွင်းသို့ နေရာယူကြ၍အသင်းလိုက် အားကစားသမားတစ်ဦးချင်းစီ မိတ်ဆက်ပေးခဲ့ကြပြီး ဘောလုံးပြိုင်ပွဲအား စတင် ၍ ယှဉ်ပြိုင်ကစားခဲ့ကြသည်။


ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ သည်။မွန်ပြည်နယ်အတွင်း ကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများစွာ ပေါ်ထွက်လာရေး၊ ပြည်နယ်ဂုဏ် ဆောင် အားကစားသမားကောင်းများမွေးထုတ်ပေးနိုင်ရေးတို့အတွက် အားကစားကွင်းများ အားအဆင့်မြှင့်တင်ပေးခြင်း၊ အားကစားဥယျာဉ်များ တည်ဆောက်ပေးခြင်းဖြင့်  အားကစားကဏ္ဍကို ဘက်ပေါင်းစုံမှ အထူးအလေး ပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)