မောင်တော၊ တာချီလိတ်၊ နောင်ချိုနှင့် လားရှိုးမြို့နယ်တို့၌ မူးယစ်ဆေးဝါးနှင့် Sodium Acetate  များ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တော၊ တာချီလိတ်၊ နောင်ချိုနှင့် လားရှိုးမြို့နယ်တို့၌ မူးယစ်ဆေးဝါးနှင့် Sodium Acetate  များ သိမ်းဆည်းရမိ


MNP ၊ ဇူလိုင် ၁၀

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင် ၉ ရက် နံနက်ပိုင်းက မောင်တောမြို့ မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်တွင် ဇော်သန်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏ခါးပတ်အိတ်နှင့် ဆိုင်ကယ်တူးဘောက်အတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၈၅၈၂၄ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၇ နာရီခွဲက မောင်တောမြို့နယ် ရွှေဇားကပ္ပ ကောင်းကျေးရွာအုပ်စု ရွှေဇား(အလယ်)ကျေးရွာနေ အေနာအူလ္လာအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဇော်သန်းနှင့် အေနာအူလ္လာတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။

အလားတူ ဇူလိုင် ၈ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် လုစီ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏မိုးကာအင်္ကျီ အိတ်ကပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် လုစီအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ ဇူလိုင် ၈ ရက် ည ၇ နာရီ ၄၅ မိနစ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နောင်ချိုမြို့ ဈေးရပ်ကွက်ရှိ နောင်ချိုတိုးဂိတ်အကျော် ရှောင်ကွင်းလမ်းတွင် အမျိုးသားနှစ်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားစစ်ဆေးရန် ရပ်တန့် ခိုင်းစဉ် ဆိုင်ကယ်မောင်းနှင်သူမှာ ထွက်ပြေး သွားပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာ သည့် မိုးဆန်းဦးအား ဖမ်းဆီးရမိခဲ့ကာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် မိုးဆန်းဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


အလားတူ ဇူလိုင် ၉ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ် ခါးသျှိကျေးရွာအနီးတွင် စိုင်းနော်ခမ်း(ခ)အိုက်ပေါက် မောင်းနှင်လာ သည့် Probox အမျိုးအစားမော်တော်ယာဉ်နှင့် အောင်ရဲဇော်(ခ)ကိုဖြိုး မောင်းနှင်လာသည့် Wish အမျိုးအစား မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ Probox ယာဉ်ပေါ်မှ Sodium Acetate ကီလို ၅၀၀ အား လည်း ကောင်း၊ Wish ယာဉ်ပေါ်မှ Sodium Acetate ကီလို ၅၀၀ အားလည်းကောင်း သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီတွင် လားရှိုးမြို့ အမှတ်(၃)ရပ်ကွက်ရှိ ကားဂိတ်တွင် Sodium Acetate များ သယ်ဆောင်ခိုင်းသူ တင်မောင်(ခ)ဆင်ဒူးနတ်ကို ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာရှိ ခရီးသွားဝန်ဆောင်မှုဂိတ် တွင် ရဲဝင်းလတ်(ခ)ကိုရဲနှင့် စိုင်းလှမောင်(ခ)ရှမ်းကုလားတို့ နှစ်ဦးအား Sodium Acetate ၈၇၅ ကီလိုနှင့်အတူ ဆက်လက်ဖမ်းဆီးရမိ ခဲ့သဖြင့် စိုင်းနော်ခမ်း(ခ)အိုက်ပေါက်၊ အောင်ရဲ ဇော်(ခ)ကိုဖြိုး၊ တင်မောင်(ခ)ဆင်ဒူးနတ်၊ ရဲဝင်းလတ်(ခ)ကိုရဲနှင့် စိုင်းလှမောင်(ခ)ရှမ်း ကုလားတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)