စဉ့်ကူးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ


MNP ၊ ဇူလိုင်  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဇူလိုင်လ ၂၁ ရက်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။ 


အသိပညာပေး ဆွေးနွေးပွဲတွင် စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်ဇာလွင် က ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။


ဆက်လက်၍ စဉ့်ကူးမြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဦးဇော်မင်းသိန်း က ကလေးသူငယ် ကို ဥပဒေအရ အဓိပ္ပာယ်သတ်မှတ်ချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးသူငယ်များ အား စက်ရုံ၊ အလုပ်ရုံများတွင် အလုပ် လုပ်ကိုင်နိုင်ရေး ပြဌာန်းထားသည့် ဥပဒေများ၊ ကလေးအလုပ် သမားများ ဖြစ်လာရသည့် အကြောင်းရင်းများ၊ ကလေးအလုပ်သမားများအား အကာအကွယ်ပေးနိုင်ရေး ပြဌာန်းထားသည့် ဥပဒေများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်များ အပေါ် ပြစ်မှုကျူးလွန်ပါက အရေးယူနိုင်သည့် ပြစ်မှု/ပြစ်ဒဏ်များ အစရှိသည့် သိမှတ်ဖွယ်ရာများအား ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)