MNP - ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂ဝ-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ(VDP)ဖြင့်ဆောင်ရွက်သော ကျေးရွာ(၆)ရွာရှိကျေးရွာတွင်းလမ်းအဆင့်မြှင့်တင်ခြင်းနှင့် ကျောက်ရောမြေနီလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့က မြို့နယ်ကျေးလက်ဦးစီးဌာနနှင့်မြို့နယ်စာရင်းစစ်ဦးစီးဌာနတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ(VDP)ဖြင့်ဆောင်ရွက်ခဲ့သည့် အရှေ့ကြို့ကုန်း၊ စန်းစု၊ သစ်ရောင်းပြန်၊ စက်တုံး၊ ဒန်းဒေါင့်ကျေးရွာနှင့်နီပါးဆေးကျေးရွာတို့တွင် ကျေးရွာတွင်းလမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ကျောက်ရောမြေနီလမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေများကို မြို့နယ်ကျေးလက်ဦးစီးမှူးဦးဌေးဇော်၊ မြို့နယ်စာရင်းစစ်မှူးဒေါ်မြမြစန်းနှင့်ဝန်ထမ်းများအဖွဲ့နှင့် ကျေးရွာကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်သည့်အခြေအနေများ၊ လမ်းများသတ်မှတ်အရည်အသွေးနှင့်အတိုင်းအတာများပြည့်မီခြင်းရှိ/ မရှိ တိုင်းတာစစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်း - သန်းထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment