ကြံခင်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (Volunteer) ပရဟိတ အဖွဲ့အစည်းများအား ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (Volunteer) ပရဟိတ အဖွဲ့အစည်းများအား ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

             

MNP - ဇူလိုင်   ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာများကို မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ဖြစ်ပွားချိန်တွင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသော စေတနာ့ဝန်ထမ်း (Volunteer) ပရဟိတအဖွဲ့အစည်းများအား ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ(တတိယလှိုင်း) ဖြစ်ပွားချိန်တွင် ကာကွယ်ရေးလုပ်ငန်း များကို စွမ်းစွမ်းတမံ ကူညီပူးပေါင်း ဆောင်ရွက်ခဲ့ကြသော စေတနာ့ဝန်ထမ်း (Volunteer) ပရဟိတ အဖွဲအစည်းများအား တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဂုဏ်ပြုချီးမြှင့်သော မှတ်တမ်းလွှာများကို စေတနာ့ဝန်ထမ်းပရဟိတ အဖွဲ့အစည်းများသို့ ပေးအပ်မှာဖြစ်ကြောင်း၊ ပရဟိတ အဖွဲ့အစည်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ဖြစ်ပွားစဉ်ကာလအတွင်း ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင်  တက်ညီလက်ညီ ပူးပေါင်းပါဝင် ပေးခဲ့ကြခြင်းအပေါ် လေးစားဂုဏ်ယူပါကြောင်း၊  မြို့နယ်အတွင်း   ကိုဗစ်ကပ်ရောဂါ ကျရောက်ချိန်တွင် ကိုယ်ကျိုးစွန့် အများအကျိုး အနစ်နာခံကူညီသော‌ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အစည်းအား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။


ဆက်လက်ပြီး မြို့နယ်လူမှုဝန်ထမ်းဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာဦးက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် ကြံခင်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (Volunteer) ပရဟိတအဖွဲ့ (၁၂)ဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူ အသီးသီးက ပေးအပ်ခဲ့ပြီးနောက် စေတနာ့ဝန်ထမ်း (Volunteer)ပရဟိတ အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)