MNP - ဇူလိုင် ၂၇
နေပြည်တော်ကောင်စီနှင့်ဌာနဆိုင်ရာမိသားစုများ၏ ဒွါဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အခမ်းအနားကျင်းပရာတွင် ဆရာတော် သံဃာတော်(၉)ပါးကိုပင့်ဖိတ်၍ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဆပ်ကော်မတီ အသီးသီးအနေဖြင့်လည်း မိမိတို့ဆောင်ရွက်ရမည့် ကဏ္ဍများအလိုက်စနစ်တကျ စီစဉ်ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဆပ်ကော်မတီများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်သွားရမည့် အခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း - ထွန်းထွန်းဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment