သာပေါင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(သာပေါင်း) ကျောင်းကောင်စီ ဘောလုံးအသင်းပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(သာပေါင်း) ကျောင်းကောင်စီ ဘောလုံးအသင်းပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ



MNP - ဇူလိုင်   ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း) ကျောင်းကောင်စီ ဘောလုံးအသင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။


ကျောင်းကောင်စီ ဘောလုံးအသင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးနိုင်ဦးက အဖွင့်အမှာစကား ပြောကြားရာ အထက်တန်းဆင့် ဘောလုံးအသင်းယှဉ်ပြိုင်ကစားကြမည့် အနော်ရထာ ဘောလုံးအသင်း၊ ကျန်စစ်သား ဘောလုံးအသင်း၊ ဘုရင့်နောင် ဘောလုံးအသင်း၊ ဗန္ဓုလ ဘောလုံးအသင်း၊ အလောင်းဘုရား ဘောလုံးအသင်းတို့ကို စည်းလုံးညီညွတ်ပျော်ရွှင်စွာ အနိုင်၊ အရှုံး ပဓာနမထားဘဲ အားကစားစိတ်ဓါတ်ဖြင့် ယှဉ်ပြိုင်ကစားကြရန် မှာကြားပြီး အထက်တန်းပြ ဆရာမ(ကာယ)ဒေါ်သဉ္ဇာထွေးမှ နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလာခဲ့သော ကျောင်းကောင်စီ ဘောလုံးအသင်း အားကစားပြိုင်ပွဲကို ကျန်းမာကြံ့ခိုင်သော ကျောင်းသား အားကစားသမား လူငယ်များ ပေါ်ထွန်းလာရေး ရည်ရွယ်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားပြီး ကျောင်းကောင်စီ ကျောင်းသား အားကစားသမားများကို စစ်ကြောင်းမှူး ကျောင်းသား မောင်အာကာဦးမှ ဦးဆောင်၍ အားကစားသစ္စာဓိဌာန်ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။

ထို့နောက် ကျောင်းကောင်စီဘောလုံးအသင်း ဘုရင့်နောင်ဘောလုံးအသင်းနှင့် ကျန်စစ်သား ဘောလုံးအသင်းတို့ စတင်ယှဉ်ပြိုင် ကစားကြသည်။ သာပေါင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း ကျောင်းကောင်စီ ဘောလုံးအသင်းပြိုင်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်၍ မွန်းလွဲ ၂ နာရီမှ ၃ နာရီခွဲအထိ အုပ်စုပွဲစဉ်အလိုက်(၈)ရက်ကြာ ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)