Pages

Pages

မိုးညိုဆရာတော်ဦးဆောင်သော ရွှေမိုးညိုပရဟိတကွန်ရက်အဖွဲ့များမှ စုပေါင်း၍ လူဦးရေတစ်ထောင်ကျော် အား ထမင်းကျွေး ဒါနပြုလုပ်





MNP ၊ သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့အမှတ်(၁၂)ရပ်ကွက်ရှိ မိုးညိုကျောင်းတိုက်တွင် ဒုတိယအကြိမ်မြောက် ကြက်သား ထမင်း  စတုဒီသာအလှူဒါန ပြုလုပ်ကြောင်းသိရသည်။

ယင်း အလှူဒါနတွင် မိုးညိုကျောင်းတိုက်ဆရာတော်၏ ဦးဆောင်မူဖြင့်တပြည့်၊ ဒကာ၊ အလှူ ရှင်များနှင့် "မိုးမေတ္တာ"အခမဲ့ဆေးခန်း၏ အကျိုးတော်ဆောင်အဖွဲ့သားများမှ စုပေါင်း၍ ထမင်း၊ ကြက်သားဟင်း၊ ငံပြာရည်ကြော်နှင့် ပဲပင်ပေါက်အတို့ ဖြင့် မိုးညိုကျောင်းတိုက်ရှိ ဆွမ်းစားကျောင်းဆောင်တွင် လူဦးရေ တစ်ထောင်ကျော်အားကျွေးမွေးလှူဒါန်းကြသည်။ ထမင်းစားသုံးပြီးသူများကို အအေးဖျော်ရည်များဖြင့် ဆက်လက်လှူဒါန်းပေးကြသည်။ 

လာရောကျစားသုံးသူတဈဦး က "အခုလိုကျွေးမွေးလှူဒါန်းကြသော မိုးညို ဆရာတော်နှင့် ရွှေမိုးညိုကွန်ရက် အကျိုးတော်ဆောင်အဖွဲ့များ၊ အလှူရှင်များကိုအထူးကျေးဇူး တင်ရှိပါကြောင်းနှင့် မော်လမြိုင်ကျွန်းမြို့တွင် အခုလိုကျွေးမွေးကြသော အလှူဒါနမျိုး များများပြုလုပ်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်" ဟု ပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment