Pages

Pages

တောင်ဥက္ကလာပမြို့နယ် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလိမိတက်၊ ရွှေမန်းသူအဝေးပြေးကားဝင်းသို့ မြို့နယ်လူမှုဖူလုံရေးရုံးမှကြီးကြပ်၍ နယ်လှည့် ဆေးကုသရေးယာဉ်ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်




MNP - ဩဂုတ်   ၂၆


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် လူမှုဖူလုံရေးရုံးမှကြီးကြပ်၍ Mobile Medical Unit (MMU) စနစ်ဖြင့် စက်ရုံ၊ အလုပ်ရုံများ အရောက် နယ်လှည့်ကုသရေးယာဉ်ဖြင့် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉) နာရီအချိန်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလိမိတက်၊ ရွှေမန်းသူအဝေးပြေးကားဝင်းသို့  နယ်လှည့်ကုသရေးယာဉ်ဖြင့် ကျန်းမာရေးစစ်ဆေးခြင်း များ ကွင်းဆင်းဆောင်ရွက်‌ပေးကြောင်း သိရသည်။


အဆိုပါ ကျန်းမာ‌ရေးစစ်ဆေးရာတွင် သွေးပေါင်ချိန်ခြင်း၊ ကိုယ်အလေးချိန်တိုင်းခြင်း၊ သွေးလေးဖက်နာရောဂါ၊‌ အဆစ်အမြစ်ယောင်ရောဂါစစ်ဆေးခြင်း၊ သွေးအုပ်စုစစ်ဆေးခြင်း၊ B ပိုး၊ C ပိုး နှင့် HIV ရောဂါ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြစ်ပြီး မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလိမိတက်၊ ရွှေမန်းသူအဝေးပြေးကားဝင်းအတွင်းရှိ ဝန်ထမ်း (၂၀၀) ကျော်တို့ကို ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရသည်။


သတင်း - စိုးဝဏ္ဏထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment