ဘုတ်ပြင်းမြို့ရှိ ရာဇမုနိစေတီတော် ငှက်မြတ်နားတော် ပြန်လည်တင်လှူပူဇော်နိုင်ရန်အတွက် ဩဝါဒခံယူပွဲနှင့် အလှူငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့ရှိ ရာဇမုနိစေတီတော် ငှက်မြတ်နားတော် ပြန်လည်တင်လှူပူဇော်နိုင်ရန်အတွက် ဩဝါဒခံယူပွဲနှင့် အလှူငွေများပေးအပ်

 


MNP - ဩဂုတ်   ၆ 


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် ရာဇမုနိစေတီတော် ငှက်မြတ်နားတော် ပြန်လည်တင်လှူပူဇော်နိုင်ရန်အတွက် ဩဝါဒခံယူပွဲနှင့် အလှူငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်က စေတီတော်ရင်ပြင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားကို ဆရာတော်သံဃာတော်အရှင်သူများနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ ဧည့်ပရိတ်သတ်များက ဘုတ်ပြင်းမြို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ခဲမိုင်းရတနာရာမကျောင်းဆရာတော် ဘဒ္ဒန္တပညာသီရိထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မြင့်ထွန်းနိုင်က သာသနာရေးဆိုင်ရာများကို လျောက်ထားပြီး တက်ရောက်လာကြသည့် အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူးနှင့်ဇနီး၊ ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်နယ်အရာရှိများနှင့် မိသားစုဝင်များက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌထံမှ ဩဝါဒခံယူကာ ဆရာတော်သံဃာတော်အရှင် သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြသည်။


ယင်းနောက် ရာဇမုနိစေတီတော် ငှက်မြတ်နားတော် ပြန်လည်တင်လှူပူဇော်နိုင်ရေးနှင့်စေတီတော် ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူရှင်များမှ လှူးဒါန်းသည့် စုစုပေါင်းလှူဒါန်းငွေကျပ် (၁၃၁၅၃၀၀၀) အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။


ယင်းနောက် ကြက်ငါးပွင့် ထားဝယ်ဆရာတော် ဘဒ္ဒန္တဝိရိယသိဒ္ဓိထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ  ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍  အခမ်းအနားကိုရုတ်သိမ်းပြီး ရတနာ ရွှေမိုးငွေမိုးရွာသွန်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)