MNP - ဩဂုတ် ၆
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီက အဆိုပါတက္ကသိလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမြတ်မြတ်သော်က အဖွင့်အမှာ စကားပြောကြားရာ ကျောင်းသား/ကျောင်းသူများအား ယဉ်ကျေးမှုဆိုင်ရာ အသိပညာ၊ ဗဟု သုတများစွာရရှိစေရန်နှင့် ယဉ်ကျေးမှုများ မပျောက်ကွယ်ရအောင် သတိရှိကြစေရန် ရည်ရွယ်၍ အခုလို ဟောပြောပွဲများ မကြာခဏ ပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း စသည်ဖြင့်ပြောကြားကာ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မြန်မာစာဌာန၊ ပါမောက္ခဒေါက်တာတင်တင်ဝင်းက “ယဉ်ကျေးလိမ္မာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပထဝီဝင်ဌာန၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာကံထွန်းက “လူငယ်နှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သမိုင်းဌာန၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာမြင့်ထွန်းဦးက “အသိပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောပေးခဲ့ကြသည်။
ဆက်လက်၍ အသိပညာများ ဆွေးနွေးဟောပြောပေးခဲ့ကြသော ဌာနမှူးများအား စစ်ကိုင်းပညာရေး တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ဟောပြောပွဲသို့ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူများ၊ သင်ကြားရေး ဆရာ/ ဆရာမ များ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ဇော်မြင့်နိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment