ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ခြောက်လတာလုပ်ငန်းဆောင်ရွက်မှုအပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ခြောက်လတာလုပ်ငန်းဆောင်ရွက်မှုအပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ

 




MNP - ဩဂုတ်   ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လ အထိ (၆)လတာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့အား ယမန်နေ့ နံနက်ပိုင်းက ဆက်လက် ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။


ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်က “နိုင်ငံတော်မှ ချမှတ်ထားသည့် ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ အား  မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာန ဆိုင်ရာများအနေဖြင့် ကိန်းဂဏန်းစာရင်းဇယား အချက်အလက်များ မှန်ကန်တိကျမှုရှိစေရေး အလေးထား ဆောင်ရွက်ရန်နှင့် ကိန်းဂဏန်းအချက် အလက်များ မှန်ကန်မှသာ တွက်ချက်သည့် အချက်အလက်များသည် လည်း မှန်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရန်အတွက် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး၊ စက်မှုဇုန်များ ထူထောင်ဆောင်ရွက်နိုင်ရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး  စီးပွားရေးတိုးတက်စေရန်နှင့် အလုပ် အကိုင်အခွင့်အလမ်း များ ရရှိစေရန်အတွက် လျှပ်စစ်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆွေးနွေးစေလိုပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များမှ ပြည်ပဝင်ငွေရရှိစေရေး ကြိုးစားဆောင်ရွက်ရမှာ ဖြစ်ပါကြောင်းနှင့် Contract  Farming စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး” ပြောကြားသည်။


ဆက်လက်၍  စီးပွားရေးရာဝန်ကြီးဌာနအောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အဆင့်မြင့်စက္ကူ (သာပေါင်း)၊ သတင်းစာစက္ကူ(သာပေါင်း)၊ မှန်စက်ရုံ(ပုသိမ်)၊ အမှတ် (၃၂) အကြီးစားစက်ရုံ(ကြံခင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနနှင့် သယံဇာတရေးရာဝန်ကြီးဌာန အောက်ရှိ ဌာနများမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ  (၆)လတာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက် ရာတွင် ယခုထက်ပိုမို တိုးတက်အောင် ဆောင်ရွက်ကြရန်၊ နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ကြရန်နှင့်  လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေး မှာကြားခဲ့ပြီး အစည်းအဝေးဒုတိယနေ့အား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)