နေပြည်တော် ပြည်ထောင်စုနယ်မြေ နိုင်ငံတော်ဘာသာနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော် ပြည်ထောင်စုနယ်မြေ နိုင်ငံတော်ဘာသာနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်



MNP ၊ သြဂုတ် ၅

နေပြည်တော်ပြည်ထောင်စုနယ်မြေ (၈)မြို့နယ် စုပေါင်း၍ နိုင်ငံတော်ဘာသာနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အစည်းအဝေးကို ယနေ့ နေ့လည်ပိုင်းက လယ်ဝေးမြို့၊ ဓမ္မသုခကျောင်းတိုက်တွင် ကျင်းပခဲ့ကြသည်။

အစည်းအဝေးတွင် အမျိုးသားရေးဦးဆောင်ဆရာတော်များဖြစ်ကြသည့် ဓမ္မသုခကျောင်းဆရာတော်၊ ရှေးဟောင်းကျောင်းတော်ကြီးဆရာတော်၊ ဗုဒ္ဓရတနာပရဟိတကျောင်းဆရာတော် တို့က နိုင်ငံတော်ဘာသာနေ့ နှင့် မေတ္တာအခါတော်နေ့တွင် စုပေါင်းကျင်းပမည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် စည်းကားသိုက်မြိုက်စွာ ညီညီညွတ်ညွတ်ဆောင်ရွက်နိုင်ရန် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ ဝံသာနုရက္ခိတအဖွဲ့(လယ်ဝေး)မှ ဦးဆောင်သူများ၊ အမျိုးသားရေးလှုပ်ရှားသူများ တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် ဓမ္မသုခကျောင်းတိုက်ဆရာတော်၊ ရှေးဟောင်းကျောင်းတော်ကြီးကျောင်းတိုက်ဆရာတော်၊ ဗုဒ္ဓရတနာပရဟိတကျောင်းတိုက်ဆရာတော်တို့က အခမ်းအနားအတွက် စီစဉ်ဆောင်ရွက်ထားသည်များကို ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများကလည်း အခမ်းအနားအတွက် လိုအပ်သည်များကို ပါဝင်ဆွေးနွေးတင်ပြခဲ့ကြသည်။


နိုင်ငံတော်ဘာသာနေ့ မေတ္တာအခါတော်နေ့ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဝါခေါင်လပြည့် (၁၁-၈-၂၀၂၂) ရက်နေ့တွင် လယ်ဝေးမြို့၊ ဓမ္မသုခကျောင်းတိုက်တွင် နံနက် (၁၀ ၀၀)နာရီမှ စတင်၍ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အမျိုးသားရေးအသိပညာပေး ဟောပြောခြင်း၊ နိုင်ငံတော်ဘာသာနေ့ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ဟောပြောခြင်း အပါအဝင် ရန်အောင်မြင်စေတီတော်သို့ နိုင်ငံတော်ဘာသာနေ့အထိမ်းအမှတ် လှည့်လည်၍ ပရိတ်၊ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)