Pages

Pages

ဂွမြို့နယ်တွင် လေပြင်းဘေးနှင့် ရေဘေးဒဏ် ခံရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်





MNP ၊  ဩဂုတ် ၂၄

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ၊ ကျိန္တလီမြို့တွင် သြဂုတ်လ(၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့များတွင် ငရံ့ကျော်ကျေးရွာရှိ ရေဘေးကြောင့် ရေစီးနှင့် မျောပါသွားသော  လူနေအိမ်တစ်လုံး၊ ရေစီးကြောင့် ထင်းချောင်းဆယ်ရင်း သေဆုံးခဲ့သူ(၁)ဦးနှင့် လေပြင်းဘေးကြောင့် လူနေအိမ်တစ်လုံး ပျက်စီးခဲ့ရသည့် စေတီကွင်းကျေးရွာရှိ အိမ်ထောင်စုအတွက်  ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ၊ အစည်းအဝေးခန်းမ၌  ပေးအပ်ခဲ့ကြောင်းသိရသည်။  


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးဇာနည်ကျော်က ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး  ကျိန္တလီမြို့ ငါးရံ့ကျော်ကျေးရွာတွင် သြဂုတ်လ(၁၇)ရက်နေ့က ရေဘေးကြောင့် ရေစီးနှင့် မျောပါသွားသော  လုံးဝပျက်စီး လူနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁သိန်း)၊ အိမ်ထောင်စုတစ်စုမှ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် ရေစီးကြောင့် ထင်းချောင်းဆယ်ရင်း သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ ကျပ်(၃သိန်း)အား လည်းကောင်း၊ စေတီကွင်းကျေးရွာတွင် သြဂုတ်လ(၁၈)ရက်နေ့က လေပြင်းဘေးကြောင့် ပျက်စီးခဲ့ရသည့်လူနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁သိန်း)၊ အိမ်ထောင်စုတစ်စုမှ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးအား လည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် သံတွဲခရိုင်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့  အသီးသီး  ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရ သည်။ 


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost


No comments:

Post a Comment