Pages

Pages

ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ဒုတိယအကြိမ်ထိုးနှံပေး






MNP ၊ ဩဂုတ် ၂၄

ကျိုက်ထိုမြို့နယ်တွင် ပြည်သူလူထု အခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေး(HPV)အားဒုတိယအကြိမ် ထိုးနှံခြင်းကိုဩဂုတ် ၂၄ ရက် နံနက် ၈ နာရီတွင်မြို့နယ်ဆေးရုံ ရုံးခန်းမ၌ထိုးနှံပေးခဲ့သည်။

 အဆိုပါကာကွယ်ဆေးအား မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ခွန်မောင်အိုးမှကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများကအသက် ၅ နှစ်နှင့် အထက်အမျိုးသမီးများအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်ပြီး (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအား ယင်းနေ့တွင်လာရောက်ထိုးနှံသူ စုစုပေါင်း(၁၁၀)ဦး လာရောက်ထိုးနှံခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment