MNP - ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ရောဂါဘယကင်းဝေးစေရန်အတွက် မွေးစမှတစ်နှစ်ခွဲထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မွေးစမှတစ်နှစ်ခွဲထိ ကလေးငယ်များအား အသက်အရွယ်အလိုက် ဝက်သက်-ဂျိုက်သိုး၊ ပိုလီယို၊ ပြင်းထန်အဆုပ်ရောင်ရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ဝမ်းလျှော ဝမ်းပျက် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာဝင်းဇော်ဌေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ထိုးနှံ၊ တိုက်ကျွေးပေးကြကြောင်း သိရသည်။
သတင်း - မျိုးဝင်းညို
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment