ပုဂံဘုရားစေတီပုထိုးများတွင် လပြည့်နေ့တိုင်း ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဂံဘုရားစေတီပုထိုးများတွင် လပြည့်နေ့တိုင်း ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်မည်



MNP ၊ သြဂုတ် ၂၆

ပုဂံဘုရားစေတီပုထိုးများတွင် လပြည့်နေ့တိုင်း ပရိတ် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုဂံအရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးဆက်စံ ထံမှ သိရသည်။


ကိုမျိုးဆက်စံ က "တော်သတင်းလပြည့်နေ့မှာ ပရိတ်တော် ပဌာန်းတော်မြတ်တို့ဖြင့် ရွတ်ဖတ်ပူဇော်ရန် ကုသိုလ်ပြုပူဇော်လိုသော ကုသိုလ်ရှင်များရှိခဲ့ရင်လည်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ နှိုးဆောင်ချင်ပါတယ်။ ကျွန်တော်စဉ်းစားထားတာတော့ လပြည့်နေ့တိုင်း လစဉ် တစ်လတစ်ကြိမ် ပုဂံဘုရားစေတီပုထိုးတွေကို လှည့်ပတ်ပူဇော်ဖို့ စိတ်ကူးထားပါတယ်။" ဟု ပြောသည်။


နိုင်ငံတော်ကြီးနဲ့ နိုင်ငံသူနိုင်ငံသားအပေါင်း ဘေးဘယာဝေးကွာစေဖို့၊ ငြိမ်းချမ်းစေဖို့နဲ့ ဘာသာ သာသနာ အဓွန့်ရှည်တည်တံ့ပြန့်ပွားစေဖို့ ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောသည်။


ကိုမျိုးဆက်ဆံနှင့် ပရဟိတအဖွဲ့များသည် ပုဂံဘုရားများ သန့်ရှင်းရေးအတွက် စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ကြပြီး သမိုင်းဝင်စေတီပုထိုးများတွင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် ရည်ရွယ်၍ ပုဂံမင်းအဆက်ဆက်ကို အထူးပြုပူဇော်၍ အလှူဒါနပြုမှုများလည်း ဆောင်ရွက်ပေးလျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)