MNP ၊ သြဂုတ် ၂၁
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်များအသင်၏စီစဉ်ဆောင်ရွက်မူဖြင့်မော်လမြိုင်မြို့နယ် ဆီကုန်သည်များအသင်းတို့မှ မြို့နယ်ပြည်သူများအား စားသုံးဆီများကိုသက်သာချောင်ချိစွာသုံးစွဲနိုင်ရေးအတွက် စားသုံးဆီများရောင်ချပွဲကို သြဂုတ် (၂၁)ရက် နေ့လည်မော်လမြိုင်ကျွန်းမြို့အောင်သာယာဈေးရှိ၁နာရီကမေသူဆီနှင့်ကုန်မျိုးစုံလက်လီလက်ကားရောင်းဝယ်ရေးဆိုင်၌ စားသုံးသူပြည်သူများအား ဦးကျော်ကြီးနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အဖွဲ့တို့စားသုံးသူပြည်သူများအားဆီတစ်ပိဿါလျှင်၄၃၀၀ကျပ်ဈေးဖြင့်ပြည်သူတစ်ဦးလျှင်၅၀ကျပ်သားနှုန်းဖြင့်ဈေးနှုန်းချိုသာစွာရောင်းချပေးကြသည်။
သြဂုတ်လ၂၁ရက် တစ်နေတည်းတွင်မေသူ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်မှဆီပိဿချိန်(၃၅၀)ပိဿါအားစားသုံးသူ၇၀၀ဦးတို့ကိုရောင်းချပေးခဲ့ကြသည်။
ထို့အပြင် သြဂုတ်(၂၁)ရက်နံနက်၈နာရီ ကလည်း သပြေထွန်းဆီနှင့်စားသုံးကုန်ရောင်းဝယ်ရေးဆိုင်တွင်လည်း ဆီပိဿါချိန်(၃၅၀)ပိဿါ အားစားသုံးသူ(၇၀၀)ဦးတို့အား၎င်း၊ သြဂုတ်၂၀ရက် နေ့လည်(၂)နာရီ တွင် သိန်းညီနောင် ကုန်မျိုးစုံရောင်းဝယ်ရေး ဆိုင်တွင်လည်းဆီပိဿါချိန်(၃၅၀) ပိဿါတို့အားစားသူပြည်သူ(၇၀၀)ဦးတို့အားဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့သည်။ ဖူးပြည့်ကုန်မျိုးစုံရောင်ဝယ်ရေးကလည်းဆီပိဿါချိန်(၃၅၀)ပိဿါ စားသုံးသူ၇၀၀ဦးတို့အားရောင်းချပေးခဲ့ကြသည်။
အလားတူပင် မော်လမြိုင်ကျွန်းမြို့နယ်ပြည်သူများအား စားသုံးဆီများကိုဈေးနှုန်းချိုသာစွာဖြင့်ဆက်လက်ရောင်ချပေးကြမည်ဟုသိရသည်။
ထွန်းထွန်းနိုင် မော်ကျွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment