Pages

Pages

မချမ်းဘော့မြို့၌ မြို့နယ်မိခင်နှင့်ကလေး‌‌စောင့်ရှောက်ရေးအသင်း အာဟာရချက်ပြုတ်သရုပ်ပြ ပြိုင်ပွဲကျင်းပ



MNP - ဩဂုတ်   ၂၉


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ ကျန်းမာရေး အသိပညာရရှိစေရန် ရည်ရွယ်၍ အာဟာရချက်ပြုတ်သရုပ်ပြပြိုင်ပွဲကို  ဩဂုတ်လ ၂၅ရက် နေ့လယ် ၁၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မချမ်းဘော့မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်မေဦးခင်က ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး ဗီတာမင်အေ အာဟာရနှင့် ကလေးကျန်းမာရေး ခေါင်းစဉ်ဖြင့် ကလေးသူငယ် အာဟာရဖွံ့ဖြိုးမှု အရေးကြီး‌ကြောင်း၊ ကလေးများ ဗီတာမင်ချို့တဲ့ရ သည့်အကြောင်းရင်းနှင့် ကလေးများ ဗီတာမင်အေ ချို့တဲ့မှုမရှိစေရန် လိုက်နာရမည့်အချက်များ ကို ရှင်းလင်းဆွေးနွေးပြီး ဆရာမ ဒေါ်ခိုင်သဇင်ဝင်း (သားဖွားဆရာမ) က ကလေးကို မိခင်နို့ ဘယ်လိုတိုက်ရမည့်အကြောင်း၊ ကလေးများ အာဟာရပြည့်ဝစေရန် ပံ့ပိုးပေးရမည့်အချက်များ ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ဒေါ်အိအိငြိမ်း (ကြီးကြပ်-၂) က ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ထက်မြက်‌စေရန် အိုင်အိုဒင်းဆားကို နေ့စဉ်သုံးစွဲဖို့ လိုအပ်ကြောင်း၊ ကိုယ်ဝန်‌ဆောင်မိခင် အိုင်အိုဒင်းအာဟာရ ဓာတ်ချို့တဲ့လျှင် ကလေး၌ ဖြစ်တတ် သည့် အရာများ၊ အိုင်အိုဒင်းကြွယ်ဝသော အစာများနှင့် ဆား၌ အိုင်အိုဒင်းအာဟာရလျော့မသွားစေရန် မည်ကဲ့သို့ ထားရှိလိုက်နာရမည့် အကြောင်းများ ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ထို့နောက် အစာအာဟာရအုပ်စု (၃)စု ပြည့်စုံစွာ စားသုံးနိုင်ရန်အတွက် ကျန်းမာရေးဌာနနှင့် အမျိုးသမီးရေးရာ အဖွဲ့တို့က လက်တွေ့သရုပ်ပြချက်ပြုတ်ပေးခဲ့မှုအား ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ စိတ်ဝင်စား စွာ လေ့လာမှတ်သားခဲ့ကြပြီး အဖွဲ့(၃)ဖွဲ့ဖြင့် ယှဉ်ပြိုင်ကာ ပထမ၊ ဒုတိယ၊ တတိယဆုများ‌ကို မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများက ချီးမြှင့်ကာ အဖွဲ့ခေါင်းဆောင်များက လက်ခံရယူခဲ့ကြောင်း သိရ သည်။   


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment